မြန်မာ၌ စစ်တပ်အာဏာသိမ်းမှုကို
ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောကြားပါသည်။

ミャンマーにおける軍事クーデターの反対を表明いたします。

မြန်မာ၌ စစ်တပ်အာဏာသိမ်းမှုကို
ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောကြားပါသည်။

ミャンマーにおける軍事クーデターの
反対を表明いたします。

ミャンマーにおける軍事クーデターの反対を表明いたします。


コムソル株式会社

ကျွန်တော်တို့ Comsol အနေနဲ့ ၂လပိုင်း ၁ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ပြီး၊ ဒီမိုကရေစီကို နင်းခြေဖျက်ဆီးနေတဲ့ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုကို ပြင်းထန်စွာ ကန့်ကွက်ပါတယ်။
မြန်မာစစ်တပ်ကနေ ဖမ်းဆီးထားသူ အားလုံးကိုလည်း အမြန်ဆုံးလွှတ်ပေးဖို့နဲ့ ဒီမိုကရေစီပြန်လည်ရရှိရေးကိုလည်း ပြင်းထန်စွာ တောင်းဆိုသွားပါမယ်။

私たちはミャンマー人々と一緒にいます。


コムソル株式会社ミャンマー人スタッフ一同

ပထမဆုံးအနေနဲ့ စစ်အာဏာရှင်စနစ်ကျရှုံးရေးမှာ တိုက်ပွဲဝင်ပေးနေကြတဲ့ မြန်မာက လူကြီးမိဘ၊ အသိမိတ်ဆွေ၊ ညီအစ်ကိုမောင်နှမများအားလုံးကို လေးစားစွာနဲ့ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်ခင်ဗျာ...
ကျွန်တော်တို့ကတော့ ဂျပန်နိုင်ငံကို ခေတ္တရောက်ရှိနေတဲ့ အဝေးရောက်မြန်မာနိုင်ငံသားတွေ ဖြစ်ကြပါတယ်။
အဝေးရောက်နေပေမယ့်လည်း ကိုယ်တတ်နိုင်တဲ့ဘက်ကနေ စစ်အာဏာရှင်စနစ်ကျရှုံးရေးမှာ အတူတူ ပါဝင်လျက်ရှိပါတယ်။
ကျွန်တော်တို့ မုချယုံကြည်တာတစ်ခုကတော့ ကျွန်တော်တို့တွေအားလုံး အတူတူပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်နိုင်မယ်ဆိုတာပါပဲ။ သိပ်မကြာခင်မှာပဲ အောင်မြင်မှုတွေ ရလာလိမ့်မယ်လို့လည်း ယုံကြည်နေပါတယ်။
နောက်ဆုံးအနေနဲ့ မြန်မာမှာရှိနေတဲ့ ပြည်သူပြည်သားများအာလုံး နေ့စဥ်နဲ့အမျှကြုံတွေ့နေရတဲ့ သောကတွေ အမြန်ဆုံးကင်းဝေးနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်ခင်ဗျာ။

Fighting Myanmar!!!

軍事クーデターによる犠牲者数


軍事クーデターにより多くの尊い命が失われました。
ご冥福をお祈りいするとともに、哀悼の意を表します。
※有志による調査データを基に記載しております。
※表示されるまで数秒かかります。

生リポート


※個人の提供者の場合、あらゆる影響を考慮し、名前は記載は自粛しております。
※一部暴力や過激な描写を含む可能性もありますが、現地の状況をそのままお伝えするため、あえて掲載しております。ご了承ください。